အုတ်ဖို သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က မူလတန်းအဆင့် ဝါကျရေးသားနည်းပြိုင်ပွဲကို ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က အဖွင့်အမှာစကားပြောကြားကာ ဝါကျရေးသားနည်းပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်ပြောကြားသည်။ ထို့နောက် အ.မ.က မိုးညိုတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးက ယှည်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား အသီးသီးဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်သူ