စစ်ကိုင်း သြဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ ပြည်သူလူထု ပူးပေါင်းပါဝင်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးရဲလတ်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတဲ့စိတ်၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို ပိုမိုစိမ်းလန်းဝေဆာလှပအောင် ဆောင်ရွက်လိုတဲ့စိတ်၊ သစ်တောသစ်ပင်တွေကို စိုက် ပျိုးထိန်းသိမ်းလိုတဲ့ စိတ်တွေသိရှိနားလည်ပြီး သစ်တောများမှ ရရှိလာတဲ့ အကျိုးကျေးဇူးများကို ရေရှည် တည်တံ့စေကာ ထာဝစဉ်သုံးစွဲနိုင်စေဖို့ အသိပညာပေး ဟောပြောဆွေးနွေးရခြင်းဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူလေးများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုများရရှိစေရန် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲများကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ကျောင်းများနှင့် ပူးပေါင်း၍ ဟောပြောဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်