အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာအုပ်စု၊ အင်းကောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေး ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။
Aug 22,2024
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့၌ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲ၊ ဥာဏ်စမ်းပ​ဟေဠိပြိုင်ပွဲများကို ယ​နေ့နံနက် ၉ နာရီချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်တိုင်းရင်း‌ေဆးတို့ပူး‌ေပါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်မှစ၍ ရှမ်းကြေးရပ်ကွက်ရှိ အခြေခံပညာအထက်တန်း‌ကျောင်း (အ-ထ-က တပ်နယ်) တွင် ကျင်းပခဲ့သည်။ 
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က စာရေးဆရာမောင်ငြိမ်းသူ(ကြို့ပင်ကောက်)ရေးသားသည့် "မြအဖူးတွေသစ်သစ်ဝေနှင့်လူငယ်ဝတ္ထုတိုများ "စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 22,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမုခ်ဦးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းရိုက်ကူခဲ့ကြကြောင်း သိရသည်။
Aug 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
Aug 22,2024
ရန်ကုန်ကိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၄ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပသည်။