သင်္ဃန်းကျွန်း ဩဂုတ် ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို ရှောင်ကြဉ်ရန်ရည်ရွယ်၍ “ဆေးလိပ်ဆေးရွက်ကြီး အန္တရာယ်သတိပြုကာကွယ်တို့ လူငယ်ပန်းချီပြိုင်ပွဲ” ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ဆေးလိပ်၊ ဆေးရွက်ကြီးများအန္တရာယ်ကို သတိပြုကာကွယ်မှုရှိစေရန်၊ အကျင့်ကောင်းများ ရရှိလာစေရန်၊ ကလေးငယ်များအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲ အကျင့်ကောင်းများ ရရှိလာစေရန်၊ အသိပညာဗဟုသုတများ ရရှိလာစေရန်၊ ဉာဏ်ရည်ထက်မြက် တိုးတက်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျောင်းများ၌ ကျောင်းသား/ကျောင်းသူ(၂၈)ဦးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို သက်ဆိုင်ရာတာ၀န်ရှိသူများမှ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သိန်းအောင်