အမြို့မြို့အနယ်နယ်သတင်းများ

Aug 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ငွေများထုတ်ပေးပြီး ပင်စင်စားများအား ယနေ့မွန်းလွှဲ ၁ နာရီမှ ညနေ ၃ နာရီထိ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
Aug 22,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက်(၉)နာရီခွဲက မင်းလှမြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင်‌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ် (Abate) ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ငါးဖယ်ချဥ်ပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ဂုမ္မကွင်းကျေးရွာအုပ်စု၊ ဂုမ္မကွင်းအရှေ့စုကျေးရွာမှ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Aug 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (Women Club) စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ ပီတိ(ပေကြီး)ရေးသားသည့် “ငါတို့အနာဂတ်ငါတို့ဖတ်စာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဩဂုတ်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Aug 22,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အင်းကောင်းကျေးရွာအုပ်စု၊ အင်းကောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေး ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပသည်။
Aug 22,2024
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့၌ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲ၊ ဥာဏ်စမ်းပ​ဟေဠိပြိုင်ပွဲများကို ယ​နေ့နံနက် ၉ နာရီချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။