ရေကြည် သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲက ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၆/၂၀၂၄) ကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ရေကြည်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးလှရှိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းအမှု့ဆောင် မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က သင်တန်းအကျိုးကျေးဇူးများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား ကျောင်းအကျိုးဆောင်များ၊ ဆရာ/ဆရာမများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ(၃၀)ဦး တက်ရောက်ပြီး သင်တန်းကာလ(၂၁.၈.၂၀၂၄)မှ ( ၂၃.၈.၂၀၂၄) ထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
မေသန့်ဇင်(ပြန်/ဆက်)