Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရပ်စောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်
Aug 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးထောက်ပံ့ရန်ပုံငွေဖြင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ ငုရွှေဝါလမ်း၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်း မာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား တက်ရာက်
Aug 21,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၊ ဟုမ္မလင်း-ညောင်သာ-မြောက်ကုန်း-ဗျူဟာဆက် လမ်း ပေါ်ရှိ နန်တုန်ကျိန်းချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်း-ညောင်သာ-မြောက်ကုန်း-ဗျူဟာဆက်လမ်းပေါ်ရှိ နန်တုန်ကျိန်းချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် အဆိုပါတံတားတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများ အသိဉာဏ်ပညာဗဟုသုတများဖွံဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လူမှုရေးရာဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတ…
Aug 21,2024
ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို သြဂုတ် လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးကွပ်ကဲမှု အောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Aug 21,2024
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၂၄)ခုနှစ်၊ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိခင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာရှိ မိုးမြေပဲအထွက်နှုန်းတိုးတက်ရေး (၁၀) ဧက စံပြကွက်အား…
Aug 21,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် (၉) နာရီအချိန်က နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မိုးမြေပဲအထွက်နှုန်းတိုးတက်ရေး (၁၀) ဧက စံပြကွက် ကွင်းအမှတ် (၄၅၉) ၊ ဦးပိုင်အမှတ် (၉၂) ၊ တောင်သူဦးဘိုညို၏ ဗီယက်နမ် မိုးမြေပဲစိုက်ခင်းအား ကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2911
Page
2912
Page
2913
Page
2914
Current page
2915
Page
2916
Page
2917
Page
2918
Page
2919
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department