မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာရှိ မိုးမြေပဲအထွက်နှုန်းတိုးတက်ရေး (၁၀) ဧက စံပြကွက်အား ကြည့်ရှုစစ်ဆေး

နတ်မောက် ဩဂုတ် ၂၁

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် (၉) နာရီအချိန်က နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မိုးမြေပဲအထွက်နှုန်းတိုးတက်ရေး (၁၀) ဧက စံပြကွက် ကွင်းအမှတ် (၄၅၉) ၊ ဦးပိုင်အမှတ် (၉၂) ၊ တောင်သူဦးဘိုညို၏ ဗီယက်နမ် မိုးမြေပဲစိုက်ခင်းအား ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မိုးမြေပဲအထွက်နှုန်းတိုးတက်ရေးစံပြကွက်သို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ ကြည့်ရှုရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်မှ ဒေသခံတောင်သူများအား သီးနှံများအထွက်နှုန်းတိုးတက်စေရေး မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုက်ဆံလျှော်မျိုးစေ့ စိုက်ပျိုး၍ အသုံးပြုကြရန် ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာကြသည့်တောင်သူများအား မြေပဲနှင့် ပဲမျိုးစုံ ရွက်ဖျန်းမြေဩဇာများ ပေးအပ်ခဲ့ပြီး တောင်သူများလိုက်နာရမည့်အချက်များအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် နတ်မောက်မြို့နယ် စခန်းမကျေးရွာ Myanmar Sisal Co,Ltd ၏ နာနတ်လျှော်စိုက်ခင်းများသို့ သွားရောက်ကြည့်ရှုခဲ့ရာ ကုမ္ပဏီမန်နေဂျာ ဦးကျော်ကျော်ဝင်းက ဒေသခံတောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်ထားသည့် နာနတ်လျှော်စိုက်ပျိုးထားရှိမှုများအပေါ် ရှင်းလင်းခဲ့ရာ အဆိုပါစိုက်ခင်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့တို့က လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

လှဝင်း