ကျွန်းလှမြို့၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကျွန်းလှ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးထောက်ပံ့ရန်ပုံငွေဖြင့် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ ငုရွှေဝါလမ်း၌ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်သည်။

ထို ကျောက်ချောလမ်းအရှည် ၇၁၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၉ လက်မကို ခွင့်ပြုရန်ပုံငွေကျပ် ၁၇ ဒသမ ၇၅၀ သန်းဖြင့် ကျွန်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်ချောလမ်းခင်းခြင်းကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းပြီးစီးပါက ရေစီးရေလာကောင်းမွန်ပြီး ရပ်ကွက်နေပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေးသွားလာရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)