Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့၊ ဟုမ္မလင်း-ညောင်သာ-မြောက်ကုန်း-ဗျူဟာဆက် လမ်း ပေါ်ရှိ နန်တုန်ကျိန်းချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်း-ညောင်သာ-မြောက်ကုန်း-ဗျူဟာဆက်လမ်းပေါ်ရှိ နန်တုန်ကျိန်းချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် အဆိုပါတံတားတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများ အသိဉာဏ်ပညာဗဟုသုတများဖွံဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လူမှုရေးရာဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတ…
Aug 21,2024
ချင်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ကွပ်ကဲမှုအောက်ရှိဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို သြဂုတ် လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးကွပ်ကဲမှု အောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနား တက်ရောက်
Aug 21,2024
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၂၄)ခုနှစ်၊ ပြည်နယ်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိခင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာရှိ မိုးမြေပဲအထွက်နှုန်းတိုးတက်ရေး (၁၀) ဧက စံပြကွက်အား…
Aug 21,2024
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် (၉) နာရီအချိန်က နတ်မောက်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန၏ မိုးမြေပဲအထွက်နှုန်းတိုးတက်ရေး (၁၀) ဧက စံပြကွက် ကွင်းအမှတ် (၄၅၉) ၊ ဦးပိုင်အမှတ် (၉၂) ၊ တောင်သူဦးဘိုညို၏ ဗီယက်နမ် မိုးမြေပဲစိုက်ခင်းအား ကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့
Aug 21,2024
ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇွန် ၃၀ ရက်နေ့နှင့် ဇူလိုင် ၁ ရက်နေ့တို့တွင် ဧရာဝတီမြစ် ဝှမ်းအထက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ် မှုများဖြစ်ပေါ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၂၁ ရက် နံနက်ပိုင်းက မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက် ပံ့ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အ.ထ.က(ခွဲ)အကျော်၊ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 20,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အ.ထ.က(ခွဲ)အကျော် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်အတွင်း အင်ဂျင်စွမ်းအားသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ
Aug 20,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ဒေသခံတောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာကို ထွန်ယက်စိုက်ပျိုးခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ကောင်းကျိုးများစွာရရှိစေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အင်ဂျင်စွမ်းအားသုံး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် မိုးစပါးမိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈နာရီအချိန်က ညောင်ဦးမြို့နယ် အထက်ညဉ့်ကျေးရွာ၊ ကွင်းအမှတ်(၁၃၄၃)ရှိ ဒေသခံတောင်သူ ဦးဟန်သောင်း၏ လယ်မြေ(၂)ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2907
Page
2908
Page
2909
Page
2910
Current page
2911
Page
2912
Page
2913
Page
2914
Page
2915
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department