အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2025
သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Sep 29,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်ထိန်းချုပ်ကိုင်တွယ်အသုံးပြုပုံ အသုံးပြုနည်းသင်တန်းဖွင့်ကိုယနေ့ နံနက် ၉ နာရီအချိန် လဟယ်မြို့နာဂရိုးရာယဉ် ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပပါသည်။
Sep 29,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာ (၁) လစာ ပေးအပ်ပွဲကို စက်တင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 29,2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းတွင်းဉာဏစွမ်းရည်ပြိုင်ပွဲကို စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရှိ ကျွန်းစုမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 29,2025
ကျောက်တန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမ၌ ကျင်းပခဲ့သည်။
Sep 29,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။