အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးသည့် မိုးနှမ်းသီးနှံများကို တောင်သူများ၏ ယာမြေများတွင် မေလလယ်ခန့်မှ စတင်စိုက်ပျိုးထားရှိရာ နှမ်းများအပင်အား‌ကောင်း၍ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလည်းကောင်းကာ ဈေးကောင်းရရှိကြကြောင်း ရေပုတ်ကျေးရွာ နှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
Aug 21,2024
၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မန္တလေးတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ တိုင်း/ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရဝတီမြစ်ကမ်းဘေးရှိ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် မိသားစုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများကို ယမန်နေ့ ညနေ ၃ နာရီက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 21,2024
ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊တပ်ကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက အဆိုပါကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
Aug 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာနှင့် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ပေတောကျေးရွာတို့တွင် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား (MSME)အသင်းတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေး အထောက်အကူဖြစ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အပ်ချုပ်စက်သင်တန်းနှင့် တန်ဖိုးမြှင့်စားသောက်ကုန်လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရှားတောကျေးရွာ၊ ဘုန်းတော်ကြီးအနောက်ကျောင်းတွင် ကျင်းပခဲ့သည်။
Aug 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မင်္ဂလာဈေးအတွင်းရှိ ဆန်ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းနှင့်အညီ ‌ရောင်းချမှုရှိ/မရှိ ကို ဩဂုတ်လ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Aug 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။