တပ်ကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်စရိတ်နှင့် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

တပ်ကုန်း ဩဂုတ် ၂၁

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊တပ်ကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်စရိတ်နှင့်ကျောင်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက အဆိုပါကျောင်းရှိ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

 အဆိုပါ အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစန်းလွင်နှင့်တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ရှစ်ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်း ထောက်ပံ့ပေးအပ်၍လည်းကောင်း၊ နေရပ်စွန့်ခွာ၍ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၃ဦးအတွက် တစ်ဦးလျှင် လွယ်အိတ်၊ ကွန်ပါဘူး၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများနှင့် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းက ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်