မင်းဘူး ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရဝတီမြစ်ကမ်းဘေးရှိ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် မိသားစုများအား ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများကို ယမန်နေ့ ညနေ ၃ နာရီက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက်က မိုးများသည်းထန်စွာရွာသွန်းပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သော မင်းဘူး(စကု)မြို့နယ် သနပ္ပင်ကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာမှ အိမ်ထောင်စု (၅) စု၊ လူဦးရေ (၁၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် (၅၀၀,၀၀၀)နှင့် ဆန်ရိက္ခာဖိုးငွေ ကျပ် (၃၅၇,၀၀)၊ စုစုပေါင်း ကျပ် (၅၃၅,၇၀၀)အား မင်းဘူးမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကမ်းပြိုဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်
ဇေယျာထက်(မင်းဘူး)