စေတုတ္တရာ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အခြေခံပညာကျောင်းများရှိ အထက်တန်းအဆင့် Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့နှင့်ပတ်သက်၍ အသိပညာပေးခြင်းကို စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ထို့နောက် Grade-11နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းကိုကိုက အဖွင့်မှာစကားပြောကြား၍ အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်မှ Grade-11 နှင့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတို့ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပရခြင်းအား ပြောကြား၍ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ရှယ်ရတနာဦးမှ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော ရွေးကောက်ပွဲကော်မရှင်ဥပဒေများဆိုင်ရာ ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးဌေးလွင်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများတွင် ပါရှိသော အကြောင်းအရာများကို ဟောပြောခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အ-ထ-က (စေတုတ္တရာ) ကျောင်းမှ ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့် Grade-11နှင့် Grade-12 ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)