ကျောက်တန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲ

ကျောက်တန်း စက်တင်ဘာ ၂

ကျောက်တန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကျောက်တန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

 သင်တန်းဆင်းပွဲအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဇော်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်မင်းထွန်း၊ ခရိုင်တာဝန်ခံ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်း၊ အရန်မီးသတ်ဒုတပ်ရင်းမှုး ဦးမြင့်အောင်နှင့် အရန်မီးသတ်တပ်ဖွဲဝင်များ၊ သင်တန်းသားများ စုစုပေါင်း အင်အား(၈၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်၊၊

နေလင်းကျော် (ပြန်/ဆက်)