ဘီးလင်း စက်တင်ဘာ ၂၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဘီးလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာနှင်းဝေမျိုးနိုင်နှင့် ဝန်ထမ်းများက ဘီးလင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များရှိအိမ်မွေးခွေး ၉၈ ကောင်နှင့် ကြောင် ၂ ကောင်တို့အား ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)