Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ၊ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ၊ အောင…
Sep 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း၊ ဟင်္သာခန်းမ၌ စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ သင်ကြားပြသခဲ့သော ဆရာ၊ ဆရာမများ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျဆင်းမှု မရှိ၍ တမံကြံ့ခိုင်မှုအတွက် စိုးရိမ်ဖွယ်မရှိ
Sep 29,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နတ်မောက်ရေလှောင်တမံ၊ ပင်းကန်နှင့် ကျောက်တံခါး လက်ဝဲမြောင်းတို့မှ စိုက်ပျိုးရေးတောင်သူများအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ယမန်နေ့ နံနက်(၆)နာရီတွင် နတ်မောက်ရေလှောင်တမံ၏ ရေအမှတ် (၆၇၇.၂)ပေ ဖြစ်ပြီး ရေလှောင်ပမာဏမှာ (၈၀၀၇၁)ဧကပေနှင့် ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် (၅.၈)ပေဖြစ်ရာ၊ ပင်းကန် ရေလှောင်တမံရေအမှတ်(၉၂.၈)ပေဖြစ်ပြီး ၊ ရေလှောင်ပမာဏမှာ (၇၂၀)ဧကပေနှင့် ကန်ရေပြည့်အမှတ်သို့ရောက်ရှိရန် (၀.၇၅) ပေ ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့၌ အမှတ်(၃)ရပ်ကွက်၊ ကြားဖြတ်(၃)လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး
Sep 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ပေါက်ခေါင်းမြို့ အမှတ်(၃)ရပ်ကွက်၊ ကြားဖြတ်(၃)လမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်
Sep 29,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တုံလောကျေးရွာအုပ်စု၊ တုံလောကျေးရွာ၊ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရား (၄) ဆူ ညောင်ရွှေမြို့၊ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီပူဇော်ခံ
Sep 29,2025
အင်းလေးဖောင်ဦးရုပ်ရှင်တော်မြတ်စွာဘုရား(၄)ဆူ အင်းလေးဒေသ (၂၁) ဌာနသို့ ကြွချီ ပူဇော်ခံလျက်ရှိရာ သီတင်းကျွတ်လဆန်း(၇)ရက် ယမန်နေ့ နံနက်(၇)နာရီက ညောင်ရွှေမြို့နယ်၊ လင်းကင်းကျေးရွာမှ အင်းလေးရိုးရာဘုရားဆွဲလှေ (၄၃) စီးဖြင့် အင်းလေးရေပြင်ကိုဖြတ်၍ ညောင်ရွှေမြို့၊ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီးသို့ ပင့်ဆောင်ကြွချီ ပူဇော်ခံလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၊ ကျောက္ကာလမ်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးနှင့် ချမ်းမြဝတီရပ်ကွက်နှင့် မြဝတီရပ်ကွက်တို့အတွင်း ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန…
Sep 29,2025
စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမြို့ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရည်ရွယ်ပြီး မုံရွာမြို့၊ ကျောက္ကာလမ်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ကျောက္ကာလမ်းနှင့် ချမ်းမြဝတီရပ်ကွက်၊ မြဝတီရပ်ကွက်တို့ရှိ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာစုစုပေါင်း(၇)နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လ…
Sep 29,2025
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေး စက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 29,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2905
Page
2906
Page
2907
Page
2908
Current page
2909
Page
2910
Page
2911
Page
2912
Page
2913
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department