Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဆီဆိုင်မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး
Sep 28,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဒေါ်ခင်သင်းဝင်တို့သည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး
Sep 28,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် အမှတ်(၃)ရပ်ကွက် ရွှေရပ်သာမြတ်စွာဘုရားဝင်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ ယမန်နေ့နံနက် ၁၀ နာရီမှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနံက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး
Sep 28,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်
Sep 28,2025
စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု ၆ လပြည့်အထိမ်းအမှတ်အဖြစ် ငလျင်ဘေးကယ်ဆယ်ရေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြို့လုံးကျွတ်ဝါတွင်းကာလအရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကျင်းပ
Sep 28,2025
ဗုဒ္ဓသာသနာတော် ထာဝစဉ်အဓွန့်ရှည်တည်တံ့စေရန်နှင့် ဝါတွင်းကာလအတွင်း သံဃာတော်အရှင်သူမြတ်များ ဆွမ်းကွမ်းကိစ္စများအဆင်ပြေစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး မြို့လုံးကျွတ်ဝါတွင်းကာလဒွါဒသမတန်းအပတ်အရုဏ်ဆွမ်း စုပေါင်းလောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီအချိန်တွင် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ၊ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမ္မာန်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများအား ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ…
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲများအား ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 28,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2888
Page
2889
Page
2890
Page
2891
Current page
2892
Page
2893
Page
2894
Page
2895
Page
2896
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department