ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဆီဆိုင်မြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး

ဆီဆိုင် စက်တင်ဘာ ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဒေါ်ခင်သင်းဝင်တို့သည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်းလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲစနစ်နှင့် MEVM မဲပေးစက်ဆိုင်ရာများ၊ မဲဆန္ဒရှင်စာရင်းပြည့်စုံ မှန်ကန်ရေး ကြိုတင်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့ မဲပေးခြင်းဆိုင်ရာဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းနှင့် ရွေးကောက်ပွဲလုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ မဲဆန္ဒရှင်အသိပညာပေး ဆောင်ရွက်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်ရရှိ ရေး စီစဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ခြင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆီဆိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မြို့နယ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)