စစ်ကိုင်း စက်တင်ဘာ ၂၈
စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု ၆ လပြည့်အထိမ်းအမှတ်အဖြစ် ငလျင်ဘေးကယ်ဆယ်ရေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မြင့်ဟန်နှင့် တပ်ဖွဲ့ဝင်များသည် ငလျင်ဘေးကယ်ဆယ်ရေးတွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည့် မွှေးကြူအအေးဆိုင်မှ နော်လေ့တာဖောနှင့် တိုးတက်အောင်ကွန်ပျူတာဆိုင်မှ ဦးကျော်သူရတို့အား အမှတ်တရလက်ဆောင်ပစ္စည်းနှင့် မီးသတ်ဆေးဘူးများ နေအိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြသည်။
စစ်ကိုင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မန္တလေးငလျင်ဘေးကယ်ဆယ်ရေးတွင် လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ အသက်ရှင်လျက် (၃၇)ဦး ရှာဖွေဖော်ထုတ် ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)