ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေး

ကျိုက်လတ် စက်တင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက မဲစာရင်း၊ ဗီနိုင်းနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပစ္စည်းများကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များက ကျိုက်လတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာပေါင်း (၉၃) အုပ်စုအတွက် မဲစာရင်း၊ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်ရုံး ဗီနိုင်း၊ မဲစာရင်းကြော်ငြာကပ်မည့် ဘုတ်ပြားနှင့် ဆက်စပ် ပစ္စည်းများကို ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများထံ စနစ်တကျ ထုတ်ပေးခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်