အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဖြင့် အမှတ်(၂)ရပ်ကွက် အောင်‌ဓမ္မရိပ်သာရှိ ယောဂီများအား တိုင်းရင်းဆေးများဖြင့် ဆေးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Oct 01,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁- က) များကို ယမန်နေ့ညနေပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Oct 01,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား စက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ ပထမအကြိမ်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာလ ၂၉  ရက်မှစ၍ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စတင်ကပ်ထားကြေညာထားကြောင်းသိရသည်။
Oct 01,2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့စားနပ်ရိက္ခာနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်  ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုကို စက်တင်ဘာလ ၃၀ ရက်နေ့နံနက် ၉ နာရီက အမရပူရခရိုင် လဝကဦးစီးမှူး ဦးမျိုးခိုင်နှင့် တာဝန်ရှိသူများက ကွင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်ရပ်ကွက်များတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်ကစ၍ လာမည့်ဒီဇင်ဘာရွေးကောက်ပွဲတွင် မဲပေးရမည့် မဲဆန္ဒရှင်ပြည်သူများအတွက် မဲစာရင်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစာရင်း ကြော်ငြာဘုတ်များ စတင်ကြေညာထားလျက်ရှိကြောင်းသိရသည်။