မင်္ဂလာဒုံမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

မင်္ဂလာဒုံ အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တိုင်းကျန်းမာ‌ရေးဦးစီးမှူး၏ ကြီးကြပ်လမ်းညွှန်မှုအရ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကုန်းတလပေါင်း RHC ပင်မအပိုင် ဝေဠုဝန်လမ်းရှိ သွေးလွန်တုပ်ကွေးဖြစ်ပွားသော ဗာရာဏသီကျောင်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ပိုးလောက်လန်းကာကွယ်နှိမ်နင်းရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ‌ဒေါ်ဝင်းဝင်းမာ၏စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမာန်ဇာဦးဆောင်သော ကျန်းမာရေးဝန်ထမ်များ၊ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့သည် ကုန်းတလပေါင်းရပ်ကွက် ဝေဠုဝန်လမ်းတို့တွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များသော ဘုန်းတော်ကြီးကျောင်းနှင့် ပတ်ဝန်းကျင်အား ပိုး‌လောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ပြီး အုတ်ကန်များတွင် အဘိတ် (Abate) ဆေးခတ်ခြင်း၊‌ Fogging ဆေးမှုတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်း‌ရေးလုပ်ငန်းများ‌ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြကြောင်း သိရသည်။

မင်းသိန်းထွန်း