ကော့သောင်းမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာ‌ပေး သင်တန်းဖွင့်

ကော့သောင်း အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (၁၀)မိုင် စိုက်ပျိုးရေး ဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာ‌ပေးသင်တန်းကို  ယနေ့နံနက်ပိုင်းကကျင်းပသည်။

ဦးစွာ ကော့သောင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမြင့်ဇော််က  အမှာစကားပြောကြားသည်။ ဆက်လက်၍    နည်းပညာပေးသင်တန်းတွင်  (၁၀)မိုင် ဥယျာဉ်ခြံဦးစီးမှူး ဒေါ်ရီရီစိန်က စိုက်ပျိုးရေးဆိုင်ရာ ဘေးအန္တရာယ်များအကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းသော စိုက်ပျိုးနည်းများ၊ သစ်သီးဝလံများအတွက် အထူးဂရုစိုက်ရမည့်အချက်များ၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ၊ GAP ၏ ကဏ္ဍကြီး(၄)ရပ်၊ ဘေးအန္တရာယ်ကင်းရှင်းသော စိုက်ပျိုးထုတ်လုပ်မှု (GAP - ၁၆ချက်)နှင့် ရရှိမည့် အကျိုးကျေးဇူးများ၊အကြံပြုချက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)