အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တိုင်းဒေသကြီးအဆင့် နည်းပြ သင်တန်းဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကန်ရေကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 19,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အထူးနည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre – Taunggyi)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
Aug 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့အား ယနေ့နံနက် (၈) နာရီက တိုးရွှေဝါခန်းမတွင် ကျင်းပပြု လုပ်သည်။
Aug 19,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဩဂုတ် ၁၇ ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာရှိ MiMi Motors ကုမ္ပဏီသို့သွားရောက်၍ လျှပ်စစ်စက်ဘီး (E-Bike) နှင့် သုံးဘီးဆိုင်ကယ်များအား ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများက လျှပ်စစ်စက်ဘီး (E-Bike) နှင့် သုံးဘီးဆိုင်ကယ်အား လက်တွေ့စီးနင်းမောင်းနှင်ပြသမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပစ္စည်းတစ်ခုချင်းအလိုက် တပ်ဆင်နေမှုများနှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချနေမှုများကို ရှင်းလင်းတင်ပြခဲ့သည်။
Aug 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်‌ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 19,2024
အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာ၊ သက်သာချောင်ချိစွာဖြင့် ပြည်သူများ ဝယ်ယူစားသုံးနိုင်စေရေးကိုရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ သက်ဆိုင်ရာဌာနများက မြို့နယ်တွင်း၌ ဆန်၊ ဆီ၊ ငါး၊ ကြက်ဉ၊ ဘဲဥအပါအဝင် အခြေခံစားသောက်ကုန်များအား ချိုသာသောဈေးနှုန်းများဖြင့် သတ်မှန်ရက်များ၌ သတ်မှတ်ပမာဏကို စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီ အချိန်တွင် မြို့နယ်ဆန်လုပ်ငန်းရှင်များ အသင်းက ဘိုကလေးမြို့၊ မြို့သစ် (၁၀) ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်တို့တွင် မော်တော်ယာဉ်ဖြင့် ဆန်များလှည့်လည်ရောင်းချပေးခဲ့သည်။
Aug 19,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံစေရန်နှင့် ဈေးလုံခြုံမှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့ ည (၆) နာရီခွဲအချိန်က ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး မြို့မစည်ပင်သာယာဈေးကြီး အတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများအား မီးဘေး လုံခြုံရေးနှင့် ဈေးလုံခြုံရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။