Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟုမ္မလင်းမြို့နယ်၌ ပထမအကြိမ်မဲစာရင်းကပ်ထားမည့်နေရာများ လိုက်လံကွင်းဆင်းစစ်ဆေး
Oct 01,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ်မဲစာရင်းများ ကပ်ထားမည့်နေရာများကို ယမန်နေ့နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းများကြေညာ
Oct 01,2025
မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ (၃၀)ရက်နေ့ စတင်ကြေညာထားရာ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက မလှိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ စတင်ကပ်ထားကြေညာ
Oct 01,2025
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ပထမအကြိမ် ကပ်ထားကြေညာပေးထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ ပထမအကြိမ်မဲစာရင်း ထုတ်ပြန်ကြေညာမှုအရ မဲဆန္ဒရှင် ၁၀၇၉၁၅ဦးရှိပြီး တိုင်းရင်းသားမဲဆန္ဒရှင် ၃၁၈၀ရှိ
Oct 01,2025
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ရက်နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင် ပြည်သူများ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ
Oct 01,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော့ကရိတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ ၁၃ အုပ်စုတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကပ်ထားကြေညာလျက်ရှိပြီး ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့ မဟာသကျမုနိ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ
Oct 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၄) သူဌေးကုန်းရပ်ကွက်ရှိ မဟာသကျမုနိဗုဒ္ဓပူဇနိယ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ နှစ်စဉ်အမြဲကျင်းပလာခဲ့ရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ရိုးရာလှေပြိုင်ပွဲများ၊ ဒိုးကလေးတေဂီတအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် (၉၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များရှိ အသက် (၉၀) နှစ်နှင့်အထက်ရှိ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှေက်မှုလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ယနေ့မွန်းလွဲပိုင်းက မြို့နယ်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2879
Page
2880
Page
2881
Page
2882
Current page
2883
Page
2884
Page
2885
Page
2886
Page
2887
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department