ဘုတ်ပြင်း အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုက အမှာစကား ပြောကြားသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးမှ ပေးပို့သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်က ဖတ်ကြားသည်။
ဆက်လက်၍ ရဲမှူးထမ်းကောင်းတံဆိပ်၊ မှုခင်းကြိုတင်ကာကွယ်မှု အများဆုံးဖမ်းဆီးနိုင်သည့် တပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်သောင်းကျန်းသူများတိုက်ခိုက်လာမှုအပေါ် စိတ်ဓာတ်ကောင်းမွန်စွာဖြင့် ရန်သူကိုရွပ်ရွပ်ချွံချွံကြံကြံခံ ခုခံတိုက်တိုက်ခဲ့သည့် သက်ဆိုင်နယ်မြေရဲစခန်းများမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်မိသားစုနေအိမ်လိုင်းခန်း အသန့်ရှင်းဆုံးဆုရရှိသူများ၊ ရဲမှုထမ်းဟောင်း(အငြိမ်းစား) များနှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် လိုက်ပါကူညီ ဆောင်ရွက်ခဲ့သည့် ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုဆုနှင့် အမှတ်တရလက်ဆောင်များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်