ကျောက်ဆည်မြို့နယ်နှင့်စဉ့်ကိုင်မြို့နယ်များ၌ စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ကျောက်ဆည် အောက်တိုဘာ  ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း အနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူပြုစေရန်အတွက် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ့်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တို့တွင်  စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်မြို့နယ်၌ ဦးနန်းဦး(နဒီဧရာ စားသုံးဆီလက်လီလက်ကား ရောင်းဝယ်ရေးဆိုင်မှ ထနောင်းတပ်ကျေးရွာပြည်သူများအား စားသုံးဆီ(၁၁၀)ပိဿာ၊ စဉ့်ကိုင်မြို့နယ်၌ ဦးကျော်ဆွေဝင်း(ငွေပင်လယ်စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေး)ဆိုင်မှပလိပ်ဈေးသစ်ရပ်ကွက် ပြည်သူများအား ပိဿာ (၃၃၀) ၊ တစ်ပိဿာငွေကျပ် (၇၇၂၀) ဖြင့်  ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှသိရသည်။

သက်မောင်၊ကျောက်ဆည်