အမြို့မြို့အနယ်နယ်သတင်းများ

Aug 15,2024
ကျောက်တန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာထုံရာ အားကစားနည်းတစ်ခုခုကို စနစ်တကျကြိုးစားသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကို ထိရောက်အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ကျောက်တန်းမြို့နယ် အားကစားနှင့် ကာယပညာဦစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်တန်းမြို့ရှိ မြိုင်သာယာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 15,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊  စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ညနေပိုင်းက ဆည်တော်လေးရေလွှဲဆည်မှတဆင့် ဆည်တော်ကြီးရေသောက်စနစ် မန္တလေးတူမြောင်းမကြီးသို့ ရေဝင်ရောက်မှုနှင့် ပျိုးထောင်ထားသည့် မိုးစပါးပျိုးခင်းများသို့ ရေပေးသွင်းထားမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 15,2024
မကွေးတိုင်းဒေသကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ် ကျောင်းကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး ကျောင်းဝန်းအတွင်းရှိ သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
Aug 15,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ မူလတန်းဆင့်ပုံပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။
Aug 15,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၉နာရီက အမရပူရမြို့နယ်ရှိ တောတွင်ကျေးရွာအုပ်စု၊ စာကလေးအင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပခဲ့သည်။
Aug 15,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် နောင်တရားမြို့ရုံးမှ ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိပြီး အရည်အသွေးပြည့်ဝသည့် သတင်းသမားကောင်းများ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ သတင်းရေးသားရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း (၂/၂၀၂၄) ကို ယမန်နေ့နံနက်ပိုင်းမှစ၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ပို့ချသင်ကြားပေးလျက်ရှိကြောင်း သိရသည်။