အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်း၏ (၂၀၂၅-၂၀၂၆) ပညာသင်နှစ်ကလေးငယ်များ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် မူလတန်းကြိုကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Sep 29,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကြီးမှူး၍ ရွှေကျင်မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်း ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၈) နာရီအချိန်က ရွှေကျင်မြို့၊ မကျည်းတန်းရပ်ကွက် မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ပဉ္စမအကြိမ် နာဂပုရသာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က နောင်တောင်းပရဟိကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
Sep 29,2025
မန္တလေးမြို့အခြေစိုက်၊ အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးက ကြီးမှူး၍ Viksit Bharat Run_2025 အထိမ်းအမှတ် ၅ ကီလိုမီတာ အပြေးပြိုင်ပွဲ အခမ်းအနားကို နန်းမြို့ရိုးနှင့် ကျုံးရေပြင်အကြား ရတနာပုံဥယျာဉ် ၁၉ လမ်းထိပ်တွင် စက်တင်ဘာလ၂၈ ရက်‌နေ့ နံနက် ၆ နာရီက ကျင်းပခဲ့သည်။
Sep 29,2025
သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Sep 29,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသလဟယ်မြို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်ထိန်းချုပ်ကိုင်တွယ်အသုံးပြုပုံ အသုံးပြုနည်းသင်တန်းဖွင့်ကိုယနေ့ နံနက် ၉ နာရီအချိန် လဟယ်မြို့နာဂရိုးရာယဉ် ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပပါသည်။