နတ်မောက်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

နတ်မောက် စက်တင်ဘာ ၂၉        

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သော ရေဘေးသင့်ပြည်သူများအား ယမန်နေ့ ညနေပိုင်းအချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ရေဘေးသင့်အိမ်ထောင်စု (၁၀၀)မှ လူဦးရေ (၆၂)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ဝိုင်းဝန်းကူညီစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း