ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယခုရက်ပိုင်းအတွင်း မိုးရေချိန် (၁.၄) လက်မဖြင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများနှင့် မြစ်ကမ်းပါပြိုကျမှု ရှိ/ မရှိကို စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှ တာဝန်ရှိသူများပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း မိုသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ချောင်းဝိုင်းလေးရပ်ကွက်တွင် စိုက်ပျိုး ထားရှိသည့် မိုးစပါးစိုက်ခင်း ၄၅ ဧက ရေကြီးနစ်မြုပ်မှုအား ရှိ/မရှိ အားသွားရောက်ကြည့်ရှုခဲ့ရာ စိုက်ခင်းများရေကြီးနစ်မြုပ်မှုမရှိကြောင်း တွေ့ရှိရပြီး၊ သက်ဆိုင်ရာတောင်သူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်တာဝန်ရှိသူများပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် တွံတေးတူးမြောင်းနှင့် ခနောင်တိုချောင်းဘေးကမ်းနားကမ်းပြိုကျမှု မရှိစေရေးသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးသည်းထန်မှုကြောင့် ကမ်းပြိုကျမှု မဖြစ်ပွားစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)