Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ မိုးစပါးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံအထွက်နှုန်းကောင်းမွန်ရေး ဒေသခံတောင်သူများ ကြိုးပမ်းဆောင်ရွက်
Oct 02,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၇၀၀၀၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရပြီး ယခုအခါ ဒေသခံတောင်သူများက မိုးစပါးစိုက်ခင်းများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ် စဥ်(၂/၂၀၂၅)ဖွင့်လှစ်
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို တံတားမြို့၌ အောက်တိုဘာလ ၁ ရက်နေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာ
Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အတွင်းရှိရပ်ကွက်/ကျေးရွာများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့နံနက်(၆)အချိန်မှစတင်၍ ရပ်ကွက်(၁၆) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀၃) အုပ်စုတွင်(၉၉)အုပ်စုသာ မဲစာရင်းပေးနိုင်သည့် အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့၌ Digital Marketing Course သင်တန်းဖွင့်လှစ်
Oct 02,2025
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် UNECMM နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍ စက်တင်ဘာလ ၃၀ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ Digital Marketing Course သင်တန်းဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေနှိမ့်ပိုင်း လူနေအိမ်များအတွင်း ရေများဝင်ရောက်
Oct 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြှင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခန့်က ရေနှစ်မြုပ်ခဲ့ပြီး တံတားတစ်စင်းသည်လည်း ကျောက်စီနံရံပြိုကျခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ရပ်ကွက်များအလိုက်စတင်ကြေညာ
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်ကပ်ထားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်တက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ
Oct 02,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားအား အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင်အသက် မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံ(ဆိုင်ကယ်ပြင်)သင်တန်းဆင်းပွဲ ကျင်းပ
Oct 02,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြုအခြေခံ(ဆိုင်ကယ်ပြင်) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၀၉း၀၀)နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု(ဗဟို)ဌာန(Community Centre)ခန်းမ၌ ကျင်းပပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2815
Page
2816
Page
2817
Page
2818
Current page
2819
Page
2820
Page
2821
Page
2822
Page
2823
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department