အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်နှင့် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများလိုက်ပါလျက် ဩဂုတ် ၂၆ ရက်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာရှိ စာကြည့်တိုက်အသစ် ဆောက်လုပ်မည့်နေရာအား ပန္နက်တင်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် (၅) ခုမှ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 28,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျည်တောင်ကန်အမှတ် (၂) ရပ်ကွက်နှင့် သပြေတန်းအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်တံတား(စက်စက်ယို)တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်နေသည့် ရေတိုက်စားနေရာများအား အလှူရှင်အချို့နှင့် ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ ဝိုင်းဝန်းပူးပေါင်း၍ ပြုပြင်ခြင်းများကို ဩဂုတ်လ (၂၆) ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် အသက်(၅)နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၂၆ ရက်နေ့မှစတင်၍ ဩဂုတ်လ ၂၈ ရက်နေ့ထိ (၃)ရက်တိုင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။    
Aug 28,2024
နိုင်ငံတော်အစိုးရက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာ ဖတ်ရှုနိုင်စေရန်အတွက် ရပ်ကွက်/ ကျေးရွာအတွင်းရှိ စာကြည့်တိုက်အဆောက်အအုံသစ်များ ဆောက်လုပ်ရန်နှင့် စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်ဆောင်လုပ်မည့်မြေနေရာအား ယနေ့နံနက် (၁၀)နာရီအချိန်က တာဝန်ရှိသူများက စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာနှင့် ပေါင်းလင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာတို့တွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။
Aug 28,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ရေနံချောင်း တက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
Aug 28,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်အဆင့် သန်းခေါင်စာရင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
Aug 28,2024
လူထုအခြေပြုဗဟိုဌာန (ကျိုက်မရော)၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ပြုလုပ်သည်။