မရမ်းကုန်း အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာခြင်းကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်ကပ်ထားခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်တွင် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ရပ်ကွက်ေကာ်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာထားမည် ဖြစ်ပါသည်။ အဆိုပါ မဲစာရင်းများကို ကပ်ထားကြေညာရာသို့ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုပြီး ပြန်လည်ပြင်ဆင်လိုသည့် အချက်အလက်များကို ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပုံစံများတောင်းခံ၍ အခမဲ့ဖြည့်သွင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
အဆိုပါ မဲစာရင်းများကပ်ထားကြေညာရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)