အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများအားလုံး ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 02,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့၌ နှစ်စဉ်ကျင်းပဆောင်ရွက်မြဲဖြစ်သော ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်၊ သံဃာတော်များ စုရပ်ပြုလုပ်၍ အဆိုပါကျောင်းရှေ့မှ ဓါတ်တော်ဓမ္မာရုံအထိ မြို့လယ်လမ်းမတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပလောင်းလှူခဲ့ကြသည်။
Oct 02,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်ရှိ နမ့်စန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Oct 02,2025
မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ အမှတ် (၉၇) ခြေလျင်တပ်ရင်း၌ ပြုလုပ်ကျင်းပခဲ့ရာ တပ်ရင်းမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ/စစ်သည် မိသားစုဝင်များ တက်ရောက်ကြသည်။
Oct 02,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အသက် (၁၈) နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ၏ မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၇ နာရီမှစတင်ကာ ကပ်ထားကြေညာခဲ့သည်။
Oct 02,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ရုံးသပြေကန်ကျေးရွာတွင် မိုးစပါးမျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားရှိသော စံပြကွက်တောင်သူ ဦးကျော်မျိုးသူ၏ မှော်ဘီ(၃) စပါးအမျိုးအစား စိုက်ဧက(၇.၂၆)အား စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြသည်။
Oct 02,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ (၁) ရက်နေ့၊ နံနက် (၉) နာရီက စည်ပင်သာယာရေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 02,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စား စွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။