ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ် စဥ်(၂/၂၀၂၅)ဖွင့်လှစ်

ကျောက်တန်း  အောက်တိုဘာ

ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အကြိုအခြေခံမီးသတ်ပညာသင်တန်းအမှတ်စဥ် (၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို တံတားမြို့၌  အောက်တိုဘာလ ၁ ရက်နေ့ နံနက်(၉)နာရီက  ကျင်းပခဲ့သည်။

အခမ်းအနားတွင် တံတားမြို့ မြို့အုပ်ချုပ်​​ရေးမှူး ဦးရန်အောင်မျိုးထက်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းမှ ယခုသင်တန်းမှပို့ချသည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေးအတွက် စာတွေ့၊ လက်တွေ့သင်တန်းများကို စနစ်တကျသင်ကြားပြီး မီးလောင်မှုများ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ တံတားမြို့၊ မြို့အုပ်ချုပ်​​ရေးမှူးဦးရန်အောင်မျိုးထက်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်၀င်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ သင်တန်းသားများ စုစုပေါင်းအင်အား  (၆၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းသားများအား မီးဘေးအန္တရာယ်၊ သဘာဝဘေး အန္တရာယ်များကို ကြိုတင်ကာကွယ်အတွက်   အောက်တိုဘာလ   ၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ  စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)