ရေကြည် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အတွင်းရှိရပ်ကွက်/ကျေးရွာများတွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့နံနက်(၆)အချိန်မှစတင်၍ ရပ်ကွက်(၁၆) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၀၃) အုပ်စုတွင်(၉၉)အုပ်စုသာ မဲစာရင်းပေးနိုင်သည့် အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံအလိုက်ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား မဲဆန္ဒရှင်ပြည်သူများလာရောက် ကြည့်ရှုနေမှုအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တ (၂)ပတ်ကြာ ကပ်ထားကြေညာမည် ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိ ပါကပုံစံ(၃)ဖြင့်တောင်းဆိုရမည်ဖြစ်ပြီးမဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေပါက ပုံစံ ၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)