အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာဈေးတာဝန်ခံရုံး၌ မြို့နယ်အဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစဉ် 3Rs(Reduce, Reuse, Recycle )စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
Aug 28,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၁၄၁)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို  စက်တင်ဘာ ၁ဝ ရက်နေ့မှ ၁၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Aug 28,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ သြဂုတ်လ ၂၅ ရက်​နေ့ည​နေပိုင်းက ရန်ကုန်အ​ဝေးသင်တက္ကသိုလ်၌ ကျင်းပခဲ့ပါသည်။
Aug 28,2024
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် “မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ဩဂုတ်လ ၂၆ ရက်နေ့‌ နေ့လယ် (၂:၃၀)အချိန်က ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
Aug 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ EDU Park ကိုယ်ပိုင်အထက်တန်းကျောင်းသို့ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Aug 28,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဆိတ် (၅၅) ကောင်(မွေးဘဏ်စနစ်) ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်က မိုင်းတုံမြို့နယ်၊ ပါမကျေးရွာရှိ ခရီးသွားများ နားနေ‌ဆောင်၌ ကျင်းပခဲ့သည်။
Aug 28,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကမ်းပြိုမှုကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ်များအား ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာများ၌ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
Aug 28,2024
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ကရင်ပြည်နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့မွန်းလွဲ၁နာရီက  ဘားအံမြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၌ စိုက်ထူခဲ့ကြောင်း သိရသည်။