အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ဟိုတယ်နှင့်ခရီးသွားဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ်(၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Aug 28,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ တောင်သူများ၏ယာမြေများတွင် စိုက်ပျိုးထားရှိသော မိုးနှမ်းများ ဩဂုတ်လလယ်ခန့်မှ စတင်ရိတ်သိမ်းလျက်ရှိပြီး ရောင်းချရာတွင် နှမ်းအနက်တစ်တင်းလျှင် ကျပ်တစ်သိန်းကိုးသောင်းထိဈေးရရှိကြောင်း မိုးနှမ်းစိုက်ပျိုးသည့်တောင်သူတစ်ဦးထံမှ သိရသည်။
Aug 28,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီမှ ကြီးမှူးကျင်းပသည့် မိုးရာသီဘောလုံးပြိုင်ပွဲကို ယမန်နေ့က အဆိုပါ ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 28,2024
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အာဟာရဖွံ့ဖြိုး‌‌ရေးရက်သတ္တပတ်လှုပ်ရှားမှုနှင့် ကလေးများအတွက် စံမှီအာဟာရချက်ပြုတ်ရာတွင် ပါဝင်ရမည့် အစာအုပ်စု(၃)စုမှ ပါဝင်ပစ္စည်းများအား အသိပညာပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ယနေ့နံနက်(၁ဝ)နာရီက မြိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြသည်။
Aug 28,2024
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည့်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရာ၊ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့အရှေ့ရပ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
Aug 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Aug 28,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အခြေခံစားသုံးကုန်များနှင့် ဆီများကို ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စျေးနှုန်းတည်ငြိမ်ရေးကော်မတီမှ သင့်တင့်မျှတသောစျေးနှုန်းဖြင့် အပတ်စဥ်ရောင်းချပေးလျှက်ရှိသည်။