ကျိုင်းတုံ အောက်တိုဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲကို ယမန်နေ့က ကျိုင်းတုံဘိုးဘွားရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ကျိုင်းတုံခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ခရိုင်လှုမှုဝန်ထမ်းဦးစီးဌာနရုံး ဝန်ထမ်းများက ဘိုးဘွားများအား ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများဖြင့် ပူဇော်ကန်တော့ရာ ဘိုးဘွားများ၏ကိုယ်စား အဘွား တစ်ဦးက ဆုတောင်းမေတ္တာ ပြန်လည်ပို့သသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၃)တပ်မတော်ဆေးရုံ(ခုတင် ၃၀၀) နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်