ဟင်္သာတမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ဟင်္သာတ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း ရောက်ရှိနေထိုင်လျက်ရှိသော အသက်(၁၈)နှစ်နှင့်အထက် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေးက ရွေးကောက်ပွဲ ဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်စန်းစန်းအေးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ စမ်းသပ် မဲပေးခြင်းအား သရုပ်ပြရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနား တက်ရောက် လာသော အသက်(၁၈)နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူများမှ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဒေါ်စန်းစန်းအေး၊ ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေးနှင့်ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ်အတွင်း ရောက်ရှိနေထိုင်ကြသော ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်း (၂၁၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)