တံတား အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် အကြိုအခြေခံမီးသတ်ပညာသင်တန်း(၂/၂၀၂၅ )ကို ဝိဇ္ဇာဓမ္မသာသနာ့ဗိမ္ဗာန်၌ ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲတွင် တံတားမြို့ မြို့အုပ်ချုပ်ရေးမှူးဦးရန်အောင်မျိုးထက်ကအဖွင့် အမှာစကားပြောကြားပြီး၊ ကျောက်တန်းမြို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တံတားမြို့ (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးမျိုးဆွေက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် တံတားမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ကြပြီး သင်တန်းအား သင်တန်းသား (၃၆)ဦး တက်ရောက်ပြီး သင်တန်းကာလမှာအောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ (၁၂) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)