အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ (၃၀)ရက်နေ့မှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
Oct 02,2025
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အခမ်းအနားကို နိုင်ငံတဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပုလဲရတနာခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပခဲ့ပြီးမှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များ အား ဂုဏ်ပြု ချီးမြှင့်သည်။
Oct 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၏ ကြော်ငြာဘုတ်များဖြင့် မဲဆန္ဒရှင်စာရင်းများ ကြေညာထားကြောင်းနှင့် မဲဆန္ဒရှင်စာရင်းကြေညာခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းများအား ပထမအကြိမ်ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက်ပိုင်း၌ အမှတ်(၁)၊(၂)နှင့်(၁၅)ရပ်ကွက် ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့တွင်စတင်၍ ကပ်ထားကြေညာလျက်ရှိကြောင်း သိရသည်။
Oct 02,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် MEVM စက်ဖြင့် မဲပေးနည်းအသိပညာပေးနှင့် လက်တွေ့မဲပေးသရုပ်ပြသမှုကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အမှတ်(၁၁၁) ခြေမြန်တပ်ရင်းရှိ မဲလခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 02,2025
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက်၍ ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
Oct 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံရေးအတွက် မိုးရာသီနှင့် ဆောင်းရာသီများတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးနေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
Oct 02,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားသည့် ကျေးရွာများသို့ သွားရောက်ကြည့်ရှုသည်။