အမြို့မြို့အနယ်နယ်သတင်းများ

Oct 02,2025
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ မဲပေးနိုင်ရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်‌နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Oct 02,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့သည် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့်(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
Oct 02,2025
ပုသိမ်ကြီးမြို့နယ်တွင် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်ပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များစာရင်းများအား နိုဝင်ဘာ (၃၀)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားမှုအပေါ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ 
Oct 02,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများ၌ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ ကြေညာထားရာ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့သည်။
Oct 02,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားမှုကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊မြို့နယ်‌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသစ်လွင်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Oct 02,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။
Oct 02,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က) များကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
Oct 02,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊‌ ရေတာရှည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။