ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၌  အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများ၏ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းအား ထုတ်ပြန်ကြေညာ

ဟင်္သာတ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဒူးယားမြို့၊ မြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ် (၁)၊ အမှတ်(၂)၊ အမှတ် (၃)၊ အမှတ် (၄)၊ အမှတ် (၅)ရပ်ကွက်များတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဒူးယားမြို့နယ်အတွင်းရှိ  အသက် ၁၈ နှစ်အထက် မဲပေးနိုင် သူများ၏ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းအား စင်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဒူးယားမြို့တွင် မြို့ပေါ် ရပ်ကွက် (၅)ရပ်ကွက်ရှိပြီး မဲပေးနိုင်သူ ဦးရေ  ကျား (၂၀၂၂)ဦး၊ မ (၂၂၉၇)ဦး၊ ပေါင်း (၄၃၁၉) ဦးရှိပြီး၊ အဆိုပါမဲဆန္ဒရှင်စာရင်းများအား သက်ဆိုင်ရာ ရပ်ကွက် အလိုက် ဓမ္မာရုံများ၊ အခြေခံပညာအထက်တန်းကျောင်းများနှင့် မူလတန်းကျောင်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင် ကြေညာကပ်ထား ဖြစ်ပြီး ပြည်သူများအနေဖြင့် စက်တင် ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ နေ့စဉ် နံနက် ၀၉၀ဝ မှ ၁၆၀၀ ချိန်ထိ မိမိတို့၏မဲစာရင်းများအား သွားရောက် ကြည့်ရှု့နိုင်မည် ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကော်မရှင်အဖွဲ့ခွဲ များမှ တစ်ဆင့် ပုံစံ (၃) ဖြင့် မဲပေးခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ မဲစာရင်းကြည့်ရှု့နေမူများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ သွားရောက်စိစစ်ကြပ်မက်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရပါသည်။

ခရိုင်(ပြန်/ဆက်)