အောင်လံမြို့နယ်၌ မဲဆန္ဒရှင်လူဦးရေစာရင်းထုတ်ပြန်ကြေညာ

အောင်လံ အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်အတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိမဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာထားသည်။

ထိုသို့မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာများသို့ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာမဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင်အကြောင်း အမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများအားထပ်တိုးစာရင်း ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်များပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း မဲစာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လို ပါကပုံစံ(၄)ဖြင့်လည်းကောင်း ဖြည့်စွက်၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ တွင် မဲစာရင်းထုတ်ပြန်ကြေညာသည့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက် အတွင်းပြင်ဆင်လျှောက်ထားနိုင်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)