အမြို့မြို့အနယ်နယ်သတင်းများ

Aug 28,2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာ ပေးလှုံ့ဆော်ရေး Bill Board စိုက်ထူးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဝေါမြို့မဈေးရှေ့တွင် ကျင်းပပြုလုပ်သည်။
Aug 28,2024
ပြည်ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအဖွဲ့သည် ပြည်မြို့ရှိ စည်ပင်သာယာဈေးများ၌ ဈေးသူ/ဈေးသားများနှင့် ဈေးရောင်း/ဈေးဝယ် ပြည်သူများထံသို့ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် Mpox(မျောက်ကျောက်) ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 28,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
Aug 28,2024
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနား၏ ဦးဆောင်မှုဖြင့် မုံရွာစီးပွားရေးတက္ကသိုလ်နှင့်ပူးပေါင်းကာ စားသုံးသူသူများ အသိပညာပြန့်ပွားရေးအတွက် စားသုံသူအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၄၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများပူးပေါင်း၍ နေ့ချင်းပြီးဆောင်ရွက်‌ပေးခဲ့ကြောင်းသိရသည်။
Aug 28,2024
အနာဂတ်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြော သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း စု‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 28,2024
စက်မှုလယ်ယာဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)နှင့် ပုသိမ်စက်မှုဇုန်တို့ ပူးပေါင်းထုတ်လုပ်သည့်(စက်ပါ) ခြောက်တန်းသွားလက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွား လက်ဆွဲကောက်စိုက်စက်နှင့် လေးတန်းသွားလက်ထိုးလက်ဆွဲ ကောက်စိုက်စက်များဖြင့် ပုသိမ်မြို့နယ်၊ တွန်ပလွန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးဝင်းမြင့်လှိုင် ၏လယ်ဧကတွင်စမ်းသပ်စိုက်ပျိုးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ(၂၆)ရက်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Aug 28,2024
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပကြောင်း သိရသည်။