အထက်မင်းလှ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများ တွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁-က) များကို စက်တင်ဘာ ၃၀ ရက်က ကြေညာသည်။
မင်းလှမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်/ကျေးရွာအုပ်စု (၃၈)အုပ်စုတို့တွင် အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းများကို စက်တင်ဘာ (၃၀)ရက်မှ အောက်တိုဘာ (၁၃)ရက် အထိ (၁၄)ရက်ကြာ ကြေညာထားမည်ဖြစ်သည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မဲစာရင်းတွင်မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့် သူများပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများ ကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင် ကြောင်းသိရသည်။
ဝင်းမြတ်(အထက်မင်းလှ)