တန့်ယန်း အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီမှ စတင်၍ ဆက်လက်ကြေညာထားသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာ ထားမှုတွင် မဲဆန္ဒရှင်၏ အမည်စာရင်း အချက်အလက်များ မှန်ကန်မှု ရှိ/မရှိနှင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ဆောင်ရွက်နိုင်ရန် ပထမအကြိမ်အဖြစ် အများပြည်သူများ သိရှိနိုင်ရန် အောက်တိုဘာ ၁၃ ရက်အထိ ကြေညာထားရှိမည်ဖြစ်ကြောင်းနှင့် မြို့မရပ်ကွက် (၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၆)အုပ်စု၏ မဲရုံ စုစုပေါင်း (၆၀)တွင် ကြေညာထားရှိကြောင်း သိရသည်။မင်းလွင်ဦး(တန့်ယန်း)