အမြို့မြို့အနယ်နယ်သတင်းများ

Sep 18,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၉ နာရီအချိန်က သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 18,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က GTI ကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
Sep 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး)အနော်ရထာခန်းမ၌ ကျင်းပသည်။
Sep 18,2024
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးကောင်စီ ဒုတိယဉက္ကဌများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/မုံရွာခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
Sep 18,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ.ထ.က (၁)ကျောင်း၌ ပြုလုပ်သည်။
Sep 18,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင် လှူဒါန်းပူဇော်ပွဲဓလေ့အား အစဥ်အလာမပျက် ကျင်းပတင်လှူဒါန်းခဲ့ရာ ယမန်နေ့နံနက်(၄)နာရီမှစတင်၍ ပေါင်မြို့နယ် ကျိုက်ပေါင်းဆံတော်ရှင်စေတီတော်မြတ်နှင့် မြို့နယ်အတွင်းရှိ ဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားရှင်အား သင်္ဘောပေါ်၌ အသီးနှင့်လှူဖွယ်ပစ္စည်းအမျိုးအမည်တစ်ထောင်ကျော် တင်လှူပူဇော်ခဲ့​ကြောင်း သိရသည်။
Sep 18,2024
စစ်ကိုင်းတိုင်းဒေသကြီး အစုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်စီစဥ်ပံ့ပိုးပေးမှုဖြင့် အမှတ်(၁၇)ယာဥ်ထိန်းဒုတပ်ဖွဲ့ခွဲ စစ်ကိုင်း၊ မြို့နယ်စည်ပင်နှင့်မြို့နယ်လျှပ်စစ်ဌာနတို့ ပူးပေါင်းပြီး  မုံရွာမြို့ပေါ်အတွင်း သွားလာနေသော ပြည်သူများအတွက် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း‌စေရေးကို အထူးအလေးထား၍ မီးပွိုင့်(၁၀)ခုအား ပြုပြင်ခြင်းနှင့် ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နေ့ချင်းပြီး စနစ်တကျတပ်ဆင်ဆောင်ရွက်နိုင်သောကြောင့် လမ်းအသုံးပြုဖြတ်ကူးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အလွယ်တကူသွားလာနိုင်ပြီဖြစ်ကြောင်းသိရသည်။